Pages

အသစ်တင်သမျှ ရရှိရန် Like ကိုနှိပ်ပါ

Template Information

Template Information

Test Footer 2

Tuesday, October 29, 2013

အီဇာဂွန်ဇာလက်ဇ်၏ Halloween ဖက်ရှင်

အီဇာသည် ရုပ်ဆိုးဆိုး မျက်နှာဖုံးများနှင့် ကို့ရို့ကားရား အဝတ်အစားများကို ငြင်းပယ်ပြီး သူမနှင့်
လိုက်ဖက်ကာ ဆွဲဆောင်မှု ပြည့်ဝသည့် သင်္ဘောသား ဝတ်စုံကိုသာ ရွေးချယ်လိုက်သည်။


Oct 29 13
Halloween ပွဲတော်အတွက် နာမည်ကျော် အများအပြားက မိမိတို့ စိတ်ကူးထားသည့် ပုံစံအမျိုးမျိုးဖြင့်
ခြောက်ခြားဖွယ် ဝတ်စုံများ ဖန်တီးဝတ်ဆင်နေသော်လည်း အီဇာ ဂွန်ဇာလက်ဇ်ကမူ ဆန့်ကျင်ဘက်
ပုံရိပ်ကို ရွေးချယ်လိုက်သည်။ အီဇာသည် ရုပ်ဆိုးဆိုး မျက်နှာဖုံးများနှင့် ကို့ရို့ကားရား အဝတ်အစားများကို
ငြင်းပယ်ပြီး သူမနှင့် လိုက်ဖက်ကာ ဆွဲဆောင်မှု ပြည့်ဝသည့် သင်္ဘောသား ဝတ်စုံကိုသာ ရွေးချယ် လိုက်သည်။ အီဇာသည် မိုင်လီဆိုင်းရပ်ပ်စ်နှင့် စေ့စပ်ကြောင်းလမ်းမှု ဖျက်သိမ်းခဲ့သူ ဟောလီးဝုဒ်မင်းသား
လီယမ်ဟမ်းဆွော့သ်နှင့် ချစ်သူဖြစ်လာကြောင်း ကျော်ကြားနေသူ ဖြစ်သည်။

မိုင်လီနှင့် လီယမ်တို့ လမ်းခွဲသတင်း ထွက်ပေါ်ပြီး နာရီပိုင်းအတွင်း သူမနှင့် လီယမ်တို့ နမ်းရှုပ်နေသည့်
ဓာတ်ပုံများ ထွက်ပေါ်လာခြင်းက အီဇာအပေါ် မီဒီယာများ ပိုမိုစိတ်ဝင်စားစေရန် အရှိန်မြှင့်ပေးခဲ့သည်။
အသက်(၂၃)နှစ်ရှိ အီဇာသည် အပျော်တမ်းအဖြစ် ရုပ်ဆိုးဆိုး အဝတ်အစားများကို ဝတ်ဆင်ကြသည့် ပွဲတော်တွင်ပင် သူမ၏ ပင်ကိုယ်အလှကို အထိပါး မခံခဲ့ချေ။ မက္ကစီကို အဆိုတော် မင်းသမီးလေးသည် တိုတောင်းကျစ်လစ်သည့် အဖြူနှင့် နက်ပြာကျား အင်္ကျီကို လိုက်ဖက်သပ်ရပ်သည့် ဘောင်းဘီတိုလေးနှင့် တွဲဖက်ဝတ်ဆင်ကာ သင်္ဘောသားဦးထုပ် အဖြူရောင်ကို ဆောင်းလျှက် Halloween ပါတီပွဲ တစ်ခုသို့ တက်ရောက်လာခဲ့သည်။

သူမနှင့်အတူ လီယမ်ကို မတွေ့ရသော်လည်း အရင်းနှီးဆုံး သူငယ်ချင်း ရူဒီတောရက်စ် လိုက်ပါလာခဲ့ သည်။ လီယမ်နှင့် အီဇာတို့သည် စက်တင်ဘာလက အတူတကွ တွေ့ရှိရပြီးနောက်ပိုင်း လုံးဝ အတူတွဲ၍ ထွက်ပေါ်လာခြင်း မရှိတော့ချေ။ ထို့ကြောင့် သတင်းကြီးနေသည့်တိုင် ယင်းတို့နှစ်ဦး ချစ်သူအဖြစ် ဆက်ရှိနေကြောင်း အခိုင်အမာ အတည်မပြုနိုင်ဘဲ ဖြစ်နေကြောင်းလည်း သိရှိရသည်။
Planet Myanmar Network

No comments:

Post a Comment

 

Sample text

Sample Text

Sample Text