Pages

အသစ်တင်သမျှ ရရှိရန် Like ကိုနှိပ်ပါ

Template Information

Template Information

Test Footer 2

Wednesday, October 30, 2013

အနုပညာကို လွတ်လပ်တယ်လို့ ခံယူထားပါတယ်

မိစန္ဒီ
နေပြည်တော်နဲ့မန္တလေးမှာ သီ ချင်းတွေသွားဆိုမယ်။ ပွင့်လင်းရာသီ ဆိုတော့နယ်ရှိုးတွေတောက်လျှောက်
ဆိုဖို့ရှိပါတယ်။ ပြီးတော့ Shwe FM လေးနှစ်ပြည့်မှာလည်း မသီရိဆွေနဲ့ အတွဲဆိုဖို့စီစဉ်နေပါတယ်။ ဒုတိယ အခွေပစ်တိုင်းတောင်ကိုဇန်န၀ါရီလ ကုန်မှာထွက်နိုင်အောင် ကြိုးစားနေ ပါတယ်။ သီချင်းလေးပုဒ်လောက်က တော့အချောပြီးသွားပါပြီ။ တေးရေး တွေကတော့ သူငယ်ချင်းတွေပါပဲ။

ကိုလွှမ်းပိုင်၊ ရဲရင့်အောင်၊ သားသား တို့ကို သီချင်းတွေအပ်ထားပါတယ်။ မိစန္ဒီကအခုအခွေမှာသီချင်းခြောက် ပုဒ်လောက်ရေးထားပါတယ်။ ပြီးမှ ရွေးထုတ်သွားမှာပါ။ တေးရေးဆရာ တွေရဲ့ ပုံစံတွေနဲ့လည်းအားလုံး ညှိ ပြီးလုပ်သွားမှာပါ။ ပစ်တိုင်းထောင် ဆိုတဲ့ Title လေးပေးဖြစ်ပုံကတော့ ပစ်တိုင်းထောင်အရုပ်လေးတွေက လဲကျလည်းခဏပဲပြီးရင်ပြန်ထောင် နေတာပဲလေ။ မိစန္ဒီလည်း စိတ် ညစ်စရာတွေကြုံလာရင် ပစ်တိုင်း ထောင်လေးလိုပြန်ထောင်မယ်ဆိုတဲ့ စိတ်နဲ့ပေးဖြစ်တာပါ။ ပြီးတော့ ပစ်တိုင်းထောင်ဆိုတဲ့သီချင်းက လူ ငယ်တွေအတွက် ဘ၀သင်ခန်းစာ ပေးမယ့်သီချင်းဖြစ်မယ်လို့ယုံကြည် ပါတယ်။

Music ပုံစံအနေနဲ့ ပရိသတ်ကြီးကို အသစ်အဆန်းလေး တွေချပြချင်ပါတယ်။ ဒါပေမဲ့မိစန္ဒီက ကိုယ့်ပုံစံတစ်ခုတည်း မကြိုက်ပါဘူး။ Hip Hop နဲ့ R&B ပုံစံလေးတွေ ရယ် ပရိသတ်ကြိုက်မယ့် Music ပုံစံဆန်းဆန်းလေးတွေကိုရောပြီး အကောင်းဆုံးပြင်ဆင်နေပါတယ်။ အနုပညာကိုလွတ်လပ်တယ်လို့ခံယူ ထားပါတယ်။ အဲဒီအတွက်ပရိသတ် ကြီးလည်း Music ကို လွတ်လွတ် လပ်လပ်ခံစားစေချင်ပါတယ်။ ပရိ သတ်ကြီးကျန်းမာပါစေ၊ ချမ်းသာ ပါစေ။ ပထမအခွေ မိုနိုပိုလီကို အားပေးလို့ကျေးဇူးတင်ပါတယ်။ ဒုတိယအခွေပစ်တိုင်းထောင်ကို လည်းအားပေးပါလို့ပြောချင်ပါတယ်။
A.P.S
8 DAYS A WEEK ENTERTAINMENT

No comments:

Post a Comment

 

Sample text

Sample Text

Sample Text