Pages

အသစ်တင်သမျှ ရရှိရန် Like ကိုနှိပ်ပါ

Template Information

Template Information

Test Footer 2

Wednesday, October 30, 2013

ငိုပြရမည့်အစား အဝတ်အစားများသာ ချွတ်ပြလိုက်မည့် မိုင်လီ



ငိုပြရမည့်အစား အဝတ်အစားများသာ ချွတ်ပြလိုက်မည့် မိုင်လီ
Oct 30 13
မိုင်လီဆိုင်းရပ်စ်က သူမအနေဖြင့် ကိုယ်ရေး ဒုက္ခများကို လူအများရှေ့ ဖွင့်ဟပြောပြီး ငိုကြွေးနေရ မည့်အစား အဝတ်အစားများသာ ချွတ်ပြလိုက်မည်ဟု ပြောဆိုလိုက်သည်။ သူမက မိမိ၏အားနည်းသိမ်
ငယ်မှုကို လူအများရှေ့ ထုတ်ပြနေရခြင်းထက် အဝတ်ဗလာဖြင့် ထွက်ပြလိုက်ရခြင်းကို ပိုမို၍
ယုံကြည်ချက် ရှိလိမ့်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ သူမက ကင်မရာရှေ့တွင် ဗလာကျင်း
မတ်တပ်ရပ်ပြရခြင်းထက် လူသနားအောင် လုပ်ပြရခြင်းက ပိုခက်ကြောင်းလည်း ဆိုသည်။ "ကျွန်မအတွက်တော့ အဝတ်မပါဘဲ ရပ်တည်ရတာဟာ ပြဿနာ အကြီးကြီး တစ်ခုလို့ ဘယ်တုန်းကမှ မထင်ဘူး။ ပြီးတော့ လူတွေက အမျိုးမျိုးတွေး၊ အမျိုးမျိုး ဝေဖန်နေတယ် ဆိုရင်တောင် ကျွန်မရဲ့စိတ်နဲ့ ထပ်တူကျမကျ လိုက်တိုင်းတာမနေဘူး"ဟု မိုင်လီက မှတ်ချက်ပြုခဲ့သည်။


သူမက "ကျွန်မရွေးချယ်မှု အရတော့ လူတွေရှေ့မှာ သနားစရာကောင်းအောင် ထွက်ငိုပြရတာနဲ့စာရင်
အေးအေးလူလူပဲ အဝတ်အစားအားလုံး ချွတ်ပြလိုက်ချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ကိုယ်လုံး ထုတ်ပြရတာထက်စာရင် ကျွန်မအတွက်က ကိုယ့်အားနည်းချက်ကိုယ် ထုတ်ပြရတာက ပိုခက်နေလို့ပဲ"ဟုလည်း ပြောဆိုသွားသည်။ အသက်(၂၀) အရွယ်ရှိ မိုင်လီက VEVOနှင့် အင်တာဗျူးတွင် "မျက်ရည်ဆိုတာ အတုလုပ်လို့ရတယ်။ အားလုံးက အတုလုပ်လို့ရတယ်။

ဒါပေမဲ့ ကျွန်မ မလုပ်ချင်ဘူး။ လူတစ်ယောက်ဟာ မျက်လုံးကို တည့်တည့်စိုက်ကြည့်ရင် သူပြောနေတာ တကယ်လား၊ ဟန်ဆောင်လားဆိုတာ ညာလို့မရဘူးလေ"ဟုလည်း မှတ်ချက်ပြုသွားခဲ့သည်။
Planet Myanmar Network.


No comments:

Post a Comment

 

Sample text

Sample Text

Sample Text