ယခုနှစ် အစောပိုင်းက နာမည်ကျော် အနုပညာရှင် ကြယ်နှစ်ပွင့်သည် အင်တာနက်မှတစ်ဆင့် သူငယ်ချင်းများဖြစ်လာကြပြီး ယခုအခါ အပြင်လောကတွင် တွေ့ဆုံ မိတ်ဆက်ဖြစ်ခဲ့ကြခြင်း ဖြစ်သည်
Oct 29 13
ကင်မ်ကာဒက်ရှီယန်နှင့် ချယ်ရီကိုးလ်တို့သည် ရင်းနှီးကျွမ်းဝင်သည့် သူငယ်ချင်းများ ဖြစ်လာကြောင်း
ပထမဆုံးအကြိမ် အတည်ပြုလိုက်ပြီ ဖြစ်သည်။ ယခုနှစ် အစောပိုင်းက နာမည်ကျော် အနုပညာရှင်
ကြယ်နှစ်ပွင့်သည် အင်တာနက်မှတစ်ဆင့် သူငယ်ချင်းများ ဖြစ်လာကြပြီး ယခုအခါ အပြင်လောက တွင် တွေ့ဆုံ မိတ်ဆက်ဖြစ်ခဲ့ကြခြင်း ဖြစ်သည်။ Reality TVစတား ကင်မ်နှင့် ဗြိတိသျှ အဆိုတော် ချယ်ရီတို့သည် ယခင်ကတည်းက အပြန်အလှန် လေးစားမှု ထားရှိခဲ့သူများ ဖြစ်ကြသည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်ကမူ ချယ်ရီသည် အမေရိကန်သို့ ရောက်ရှိနေခဲ့ပြီး ကင်ညီဝက်စ်၏ ဖျော်ဖြေပွဲတွင် ကင်မ်နှင့် တွေ့ဆုံခွင့် ရခဲ့သည်။ ကင်ညီနှင့် ကင်မ်တို့မှာ စေ့စပ်ထားသူများ ဖြစ်ကြသည်။
ကင်မ်နှင့် ချယ်ရီတို့သည် နှစ်ဦးယှဉ်ကာ ဓာတ်ပုံတွဲရိုက်ခဲ့ပြီး အမေရိကန် မီဒီယာများက ကင့်မ်အတွက်
နာမည်ကျော် မိတ်ဆွေသစ်တစ်ဦး ရရှိလာပြီဟု ရေးသားခဲ့ကြသည်။ အသက်(၃၃)နှစ်ရှိ ကင်မ်သည် သူမထက် (၃)နှစ်ငယ်သည့် ချယ်ရီနှင့် တွဲရိုက်ထားသည့် ဓာတ်ပုံကို Instagramတွင် လွှင့်တင်ခဲ့သည်။ ယင်းတို့နှစ်ဦးသည် အပြန်အလှန် နောက်ပြောင် စကားပြောပြီး ရယ်မောနေခဲ့ကြောင်းလည်း မျက်မြင်များက ဆိုသည်။ ကင်မ်က Twitterတွင် "ကျွန်မအတွက် စိတ်ချင်းနီးတဲ့ ညီမလေး ချယ်ရီကိုးလ်ကို ရခဲ့ပြီ"ဟု ရေးသားခဲ့ပြီး ချယ်ရီကလည်း ကင်မ်၏ ခင်ပွန်းလောင်း ကင်ညီကို ချီးကျူးကာ "ကင်ညီဝက်စ်ကတော့ ပါရမီရှင် တစ်ယောက်ပဲ"ဟု တုံ့ပြန်ခဲ့သည်။ ကင်မ်သည် မကြာသေးမီက ချယ်ရီကို လှပပြီး နှစ်လိုစရာကောင်းသူဟု ချီးကျူးထားသေးသည်။
သူမက Grazia မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် "ကျွန်မ ချယ်ရီ့ကို သိပ်သဘောကျတယ်။ အရင်က သူနဲ့တော့
တစ်ခါတစ်ခါ ဆုံဖူးပါတယ်။ သူက လှပပြီး နှစ်လိုစရာကောင်းတဲ့ မိန်းကလေးပါ"ဟု ပြောကြားခဲ့သည်။
Planet Myanmar Network

No comments:
Post a Comment