Pages

အသစ်တင်သမျှ ရရှိရန် Like ကိုနှိပ်ပါ

Template Information

Template Information

Test Footer 2

Tuesday, October 29, 2013

နေအိမ်ရှေ့တွင် ယာဉ်မတော်တဆမှု ကြုံခဲ့သည့် ဘက်ဟမ်း

လော့စ်အိန်ဂျလိစ်ရှိ နေအိမ်သို့ ဘက်ဟမ်းနှင့် သားဖြစ်သူ ဘရွတ်ကလင်းတို့ အတူတကွ အိမ်ပြင်သို့ ထွက်စဉ် ယင်းတို့ကားက အခြားကား တစ်စင်းနှင့် မတော်တဆ ငြိခဲ့ခြင်း ဖြစ်သည်။



Oct 29 13
ဒေးဗစ်ဘက်ဟမ်းတစ်ယောက် အမေရိကန်နိုင်ငံ၊ လော့စ်အန်ဂျလိစ်မြို့ရှိ နေအိမ်ရှေ့တွင် ယာဉ်တိုက်မှုတစ်ခု ဖြစ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ မတော်တဆ ထိခိုက်မှုတွင် ဘက်ဟမ်းအနေဖြင့်
ထိတ်လန့်သွားခဲ့သော်လည်း မည်သူတစ်ဦး တစ်ယောက်မျှ ထိခိုက်မှု မရှိခဲ့ကြောင်းလည်း သတင်းများက ဆိုသည်။ လော့စ်အိန်ဂျလိစ်ရှိ နေအိမ်သို့ ဘက်ဟမ်းနှင့် သားဖြစ်သူ ဘရွတ်ကလင်းတို့ အတူတကွ အိမ်ပြင်သို့ ထွက်စဉ် ယင်းတို့ကားက အခြားကားတစ်စင်းနှင့် မတော်တဆ ငြိခဲ့ခြင်း ဖြစ်သည်။ ဘက်ဟမ်း၏ Range Rover အနက်ရောင် မော်တော်ကားသည်ပြီးခဲ့သည့် သီတင်းပတ်ကုန်ပိုင်းက အခြားကား တစ်စင်းကို ဝင်ဆောင့်ခဲ့ခြင်းဟု သတင်းများက ဖော်ပြခဲ့သည်။

အင်္ဂလန် ဘောလုံးသမားဟောင်းသည် ဘီဗီလီဟေးလ်ရှိ နေအိမ်သို့ မိသားစုနှင့်အတူ ရောက်ရှိနေသည်။ ၎င်းသည် အမေရိကန်ကလပ် လော့စ်အန်ဂျလိစ် ဂလက်စီတွင် ကစားခဲ့သည့်နောက် အမေရိကန်တွင် အခြေချ နေထိုင်သည့် အိမ်တစ်လုံးဝယ်ယူထားခြင်း ဖြစ်သည်။ အသက်(၃၈)နှစ်ရှိ ဘက်ဟမ်းသည် အသက်(၁၄)နှစ်ရှိ ဘရွတ်ကလင်းကို ရှေ့ဘက်ခရီးသည်တင်ခုံတွင် ခါးပတ်ပတ်ပေးထားပြီး ကလေးလည်း ထိခိုက်မှု မရှိခဲ့ဟု ဖြတ်သွားဖြတ်လာတွေ့မြင်သူများက ဆိုသည်။

ဘက်ဟမ်းသည် ရဲများနှင့်လည်း စကားပြောဆိုနေခဲ့ပြီး ဖြစ်ရပ်ကို အကျဉ်းချုံး ဖြေရှင်းခဲ့ခြင်း ဖြစ်သည်။
တစ်ဖက်မှ ကားကို မောင်းနှင်လာသူမှာ အမျိုးသမီးတစ်ဦးဖြစ်ပြီး ဘက်ဟမ်း၏ကားက အိမ်မှအထွက်တွင်
ချိတ်မိခြင်း ဖြစ်သည်။ အဆိုပါ ဖြစ်ရပ်အပြီးတွင် ဘက်ဟမ်း၏ နေအိမ်မှ ရဲအရာရှိများ ပြန်လည်
ထွက်ခွာလာသလို အနီးဝန်းကျင်မှ မျက်မြင်များကို မေးမြန်းကာ သတင်းအချက်အလက် စုဆောင်းနေ သည်ကိုလည်းတွေ့ရသည်။ ယခုမော်တော်ကားကို ဘက်ဟမ်းက (၂၀၁၀)ပြည့်နှစ်က ဝယ်ယူခဲ့ပြီး ဒေါ်လာ ခြောက်သောင်းနှင့် ခုနစ်သောင်းခွဲကြား ကျသင့်ခဲ့ကြောင်း သိရှိရသည်။
Planet Myanmar Network

No comments:

Post a Comment

 

Sample text

Sample Text

Sample Text